Sedona Hotel Yangon မှ “အချစ်ခရီးလမ်း” အမည်ဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံး Wedding Fair အခမ်းအနား ကျင်းပပြုလုပ်မည်

Sedona Hotel Yangon မှ “အချစ်ခရီးလမ်း” အမည်ဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံး Wedding Fair အခမ်းအနား ကျင်းပပြုလုပ်မည်

ကြီးကျယ်ခမ်းနား ထည်ဝါလှသည့် ဂုဏ်သရေရှိ မင်္ဂလာပွဲအခမ်းအနားများ ကျင်းပပြုလုပ်ရာ ထိပ်တန်းဟိုတယ် တစ်ခုဖြစ်သော Sedona Hotel Yangon မှ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လေးကြိမ်မြောက် Wedding Fair ပြပွဲကြီးကို

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်နှင့် ၈ ရက်၊ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ Grand Ballroom တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။ ယခုနှစ် Wedding Fair ပြပွဲကြီးကို ချစ်ခရီးလမ်း “Journey of Love” အမည်ဖြင့် ကျင်းပပြုလုပ်သွားမည်  ဖြစ်ပြီး ဟိုတယ်တွင် မင်္ဂလာပွဲကျင်းပရန် စီစဉ်လျက်ရှိသော မင်္ဂလာမောင်နှံများအတွက် အကျိုးခံစားခွင့်များစွာ ပါဝင်ပြီး တမူထူးခြားသည့် wedding package များကို ပေးအပ်သွားမည် ဖြစ်သည်။

မင်္ဂလာမောင်နှံများမှာ Wedding Fair သို့ တက်ရောက်ရန်အတွက် ကြိုတင် စာရင်းပေးသွင်းရန် သို့မဟုတ် ဝင်ကြေး ပေးသွင်းရန် မလိုအပ်ဘဲ ကုမ္ပဏီပေါင်းများစွာ ပါဝင်ပြသမည့် ဆန်းသစ်လှပသော မင်္ဂလာဝတ်စုံ အမျိုးမျိုး၊ ပန်းအလှဆင် ဝန်ဆောင်မှုများ၊ အကျွေးအမွေး အစီအစဉ်၊ မင်္ဂလာဆောင် ဖိတ်စာ၊ မိတ်ကပ်နှင့် ဆံပင်အတွက် ဝန်ဆောင်မှုများ၊ လက်ထပ်စာချုပ် ဒီဇိုင်းများ၊ ဓာတ်ပုံ နှင့် ဗီဒီယို ရိုက်ကူးရေး ဝန်ဆောင်မှုများ၊ မင်္ဂလာပွဲအခမ်းအနား အစီအစဉ်နှင့် အပြင်အဆင် စသည့်တို့ကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် အလှအပနှင့် အသားအရေ ထိန်းသိမ်းခြင်း၊  လက်ကိုင်ပန်းနှင့် စားပွဲတင်ပန်းအိုးများ  ပြင်ဆင်ခြင်း၊ လက်ဝတ်ရတနာ၊ ဆံပင်နှင့် မိတ်ကပ်၊ ပျားရည်ဆမ်းခရီး စီစဉ်ခြင်း၊ တေးဂီတ ဖျော်ဖြေရေး၊ မင်္ဂလာပွဲ စီစဉ်ပေးသူနှင့် ဒီဇိုင်းပြုလုပ်ပေးသူများ၊ မင်္ဂလာပွဲအတွက် လိုအပ်သော ပစ္စည်းများနှင့် လက်မှတ်ရေးထိုးရန် လိုအပ်သည့် စာရေးကိရိယာများကို မိတ်ဖက်ကုမ္ပဏီများမှ ခင်းကျင်းပြသထားမှာပါ။

Sedona Hotel Yangon တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၆ ရက်နေ့အတွင်း မင်္ဂလာပွဲ ကျင်းပရန်အတွက် အနည်းဆုံး လူဦးရေ ၃၀၀ မှ စတင်သော wedding package တစ်ခုကို ပြပွဲအချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းကာ စရံငွေ ပေးသွင်းထားပါက ၅၀% အထူးလျှော့ဈေးဖြင့် ရရှိနိုင်မည် ဖြစ်သည်။ Sedona Hotel Yangon တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နောက်ပိုင်းမှ မင်္ဂလာပွဲ ကျင်းပလိုသည့် မင်္ဂလာမောင်နှံများမှာလည်း ပြပွဲအချိန်အတွင်း စရံငွေ ပေးသွင်းမည်ဆိုပါက ၅%  လျှော့ဈေးဖြင့် ရရှိနိုင်မှာပါ။

Sedona Hotel Yangon ရဲ့ Wedding Fair ကြီးဟာ ချစ်သူစုံတွဲတွေ အမှတ်တရဖြစ်စေမယ့် မင်္ဂလာရက်နေ့ရက်အတွက် ကြိုတင်စီစဉ်ဖို့၊ ပြင်ဆင်ဖို့ လိုအပ်တာတွေ အားလုံးကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ ထူးခြားချက်ကြောင့် အခုဆိုရင် ရန်ကုန်မြို့မှာ တောင်းဆိုသူအများဆုံး ပြပွဲကြီးတစ်ခု  ဖြစ်နေပါပြီ။ ချစ်သူတို့ရဲ့ “အချစ်ခရီးလမ်း” စတင်ကြဖို့ မင်္ဂလာပွဲ အခမ်းအနားကြီး ကျင်းပရာမှာ အစီအစဉ် အစ၊ အဆုံးအတွက် တစ်နေရာထဲမှာ ရွေးချယ်နိုင်ပါတယ်။ ပြပွဲ နှစ်ရက်လုံး မင်္ဂလာဆောင် ဝန်ဆောင်မှုတွေ အားလုံးရဲ့ အချက်အလက်တွေကို စုံစုံလင်လင် ပြသပေးသွားမှာဆိုတော့ မင်္ဂလာမောင်နှံတွေအတွက် ထူးထူးခြားခြား ရင်သပ်ရှု့မောဖွယ်ကောင်းတဲ့ မင်္ဂလာပွဲကြီးတစ်ပွဲ ကျင်းပနိုင်ဖို့ အထောက်အကူ ဖြစ်မှာပါ။ နောက်ထပ် ထူးခြားချက်ကတော့ ကျွန်တော်တို့ Wedding Fair ကြီးမှာ တစ်နေု့လုံး ပြသသွားမယ့် ရှိုးပွဲ အစီအစဉ်တွေ ရှိပါတယ်။ ဧည့်သည်တော်တွေအနေနဲ့ ပြပွဲကျင်းပတဲ့ နှစ်ရက်တာအတွင်း ဘယ်အချိန်ပဲလာလာ စိတ်ဝင်စားဖွယ်ရာ မင်္ဂလာဝတ်စုံပြပွဲတွေကို ကြည့်ရှု့လေ့လာနိုင်မှာပါ” ဟု Sedona Hotel Yangon General Manager ဖြစ်သူ Mr. Mok Kok Meng က ပြောသည်။

Sedona Hotel Yangon တွင် မြန်မာနှင့် တရုတ် ရိုးရာမင်္ဂလာဆောင်များ အပါအဝင် တိုင်းရင်းသားရိုးရာ မင်္ဂလာပွဲ အခမ်းအနားများ၊ စေ့စပ်မင်္ဂလာ အခမ်းအနားများ စသည်ဖြင့် ကျင်းပလိုသည့် ပွဲအလိုက် သင့်တင့်လျောက်ပတ်သည့် wedding package အမျိုးအစားများစွာ စီစဉ်ထားသောကြောင့် မင်္ဂလာမောင်နှံ တစ်စုံအတွက် ပြီးပြည့်စုံသည့် မင်္ဂလာအခမ်းအနားတစ်ခု ကျင်းပနိုင်ရန် လိုအပ်သည့် ဝန်ဆောင်မှုများအားလုံး ရယူနိုင်ပါသည်။ မင်္ဂလာပွဲ အခမ်းအနားများအတွက် ကားရပ်နားရန်နေရာ၊ မိတ်ကပ်နှင့် အဝတ်အစား ပြင်ဆင်ရန် အခန်းနှင့် ခန်းမအတွင်း လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် UPS အစရှိသော လိုအပ်သည့် ဝန်ဆောင်မှု အပြည့်အစုံကို ဟိုတယ်မှ ပံ့ပိုးပေးမည် ဖြစ်သည်။ ထို့အပြင် ဟိုတယ်ရှိ မင်္ဂလာပွဲ အခမ်းအနားအတွက် တာဝန်ယူထားသည့် ကျွမ်းကျင်ဝန်ထမ်းများ၏ ဝန်ဆောင်မှုများမှာ မင်္ဂလာပွဲ တက်ရောက်သူများနှင့် မင်္ဂလာမောင်နှံများထံမှ စိတ်ကျေနပ်မှု ရရှိကြောင်း ထောက်ခံအားပေးမှုများ ရရှိထားပါသည်။ မင်္ဂလာပွဲ အခမ်းအနား ကျင်းပနေစဉ် အချိန်အတွင်း Sedona Hotel Yangon Sales & Event အဖွဲ့မှ ဧည့်သည်များကို ကူညီပေးရန်နှင့် လိုအပ်ပါက တစ်ဦးချင်းအတွက် ညွှန်ကြားပြသပေးရန် အသင့် ထားရှိပေးမည် ဖြစ်ပါသည်။

ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Wedding Fair ကြီးတွင် မင်္ဂလာဝတ်စုံပြပွဲ များစွာထည့်သွင်း တင်ဆက်ပေးသွားမည်ဖြစ်ပြီး နာမည်ကြီး ဒီဇိုင်နာများဖြစ်ကြသော ငြိမ်းကို၊ မျိုးမင်းစိုးနှင့် အိကျော်ဇင်တို့ ဖန်တီးချုပ်လုပ်ထားသည့် ခေတ်မီဆန်းသစ်လှပသော မြန်မာထိုင်မသိမ်းနှင့် အနောက်တိုင်း မင်္ဂလာဝတ်စုံများ၊ ညနေခင်း ပွဲတက်ဝတ်စုံများကို နာမည်ကျော် အနုပညာရှင်များနှင့် လှပကျော့ရှင်းသော  မော်ဒယ်လ်များမှ ဝတ်ဆင်ပြသပေးသွားမည် ဖြစ်ပါသည်။ ထူးခြားချက် တစ်ခုမှာ ဒီဇိုင်နာ မျိုးမင်းစိုး၏ ဝတ်စုံဒီဇိုင်းပြပွဲသည် Sedona Hotel Yangon တွင် ကျင်းပမည့် Wedding Fair အတွက်သာ ရည်ရွယ်၍ စုစည်းထားသော အထူးသီးသန့် မင်္ဂလာဝတ်စုံများ ဖြစ်ပါသည်။

Wedding Fair အတွက် ပလက်တီနမ် စပွန်ဆာအဖြစ် My Dream (One Stop Wedding Service) နှင့် Gold စပွန်ဆာများအဖြစ် The Bridal Garden, Forever Wedding နှင့် Aroma တို့မှ ကူညီပံ့ပိုး ပေးထားပါသည်။ မင်္ဂလာဝတ်စုံပြပွဲများတွင် ပါဝင်ပြသကြမည့် မော်လ်ဒယ်များမှာ စိန်နန်းတော်မှ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့် စီခြယ်ထားသော ခေတ်မီ လက်ဝတ်လက်စားများ ဆင်မြန်းထားသည်ကို ကြည့်ရှု့နိုင်ကြမည် ဖြစ်သည်။

Wedding Fair သို့ လာရောက်လေ့လာ ကြည့်ရှု့ကြသူများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အထူးလျှော့ဈေး လက်မှတ်များ အပါအဝင် ဆုလက်ဆောင်များ ကံထူးနိုင်မည့် အခွင့်အရေး ရရှိနိုင်သော ကံစမ်းမဲ အစီအစဉ်တစ်ခုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Sedona Hotel Yangon တွင် မိမိ စိတ်ကူးအိပ်မက်ထဲမှ မင်္ဂလာပွဲအား ကျင်းပပြုလုပ်ရန် စီစဉ်လိုပါက ဟိုတယ်၏ wedding specialist ဖြစ်သူ Lily @ မလှဝတ်ရည်၊ ၀၉ ၄၁၀၂၇၁၄၁၇ သို့မဟုတ် This email address is being protected from spambots. You need JavaScript enabled to view it.သို့ ဆက်သွယ်နိုင်ပါသည်။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 19 September 2018 09:58
Rate this item
(1 Vote)